
0
345



……………….. ။ ။ ………………….

လှိုင်သာယာ မီးလောင်မှု ကျူးကျော်တဲ ၈၃ လုံး ဆုံးရှုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) မှာ မနေ့က ဇန်နဝါရီ ၂၃ မှာ မီးလောင်မှု ဖြစ်ပွားပြီး ကျူးကျော်တဲ ၈၃ လုံး ဆုံးရှုံးသွားပါတယ်။

ရန်ကုန်-ပုသိမ်လမ်းနဲ့ မင်းကြီးမဟာမင်း ခေါင်လမ်း ကြားရှိ ကျူးကျော်တဲနေ ဦးစိုးဝင်း (၆၀ နှစ်) ဟာ မီးဖိုမှာ ရေနွေးအိုးတည်ရင်း အိပ်ပျော်စဉ် မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဦးစိုးဝင်း သေဆုံးသွားပြီး ဒေါ်မြင့်မြင့်စန်း (၄၆ နှစ်) လည်း မီးလောင်ဒဏ်ရာ ရရှိခဲ့လို့ လှိုင်သာယာ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

လှိုင်သာယာ မြို့မရဲစခန်းက မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)