အိႏၵိယ-ျမန္မာ-ထိုင္း သံုးႏိုင္ငံျဖတ္ေက်ာ္ လမ္းမႀကီး ၂၀၁၉ ႏွစ္ကုန္မွာ စတင္မယ္

0
2112

အိႏၵိယ-ျမန္မာ-ထိုင္း သံုးႏိုင္ငံျဖတ္ေက်ာ္ အေဝးေျပးလမ္းမႀကီး စီမံကိန္းကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ စတင္မယ္လို႔ အိႏၵိယ ကုန္းလမ္းပို႔ေဆာင္ေရးနဲ႔ အေဝးေျပးလမ္းဆိုင္ရာ ဝန္ႀကီး နီတင္ ဂတ္ဒ္ကာရီက ေျပာပါတယ္။

၁၄၀၀ ကီလိုမီတာ အရွည္ရွိတဲ့ အေဝးေျပးလမ္းမႀကီး စီမံကိန္းကို အိႏၵိယ၊ ထိုင္းနဲ႔ ျမန္မာတို႔ ပူးတြဲ အေကာင္အထည္ ေဖာ္ေနတာ ျဖစ္ၿပီး ကုန္သြယ္ေရး၊ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးနဲ႔ ခရီးသြားလုပ္ငန္းေတြကို တိုးျမွင့္ေစႏိုင္မွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏၵိယ၊ နီေပါနဲ႔ အာဆီယံအဖြဲ႔တို႔မွာ စီမံကိန္း ၂၄ ခု အေကာင္အထည္ ေဖာ္ဖို႔ ရွိၿပီး အဲဒီထဲက ၁၆ ခုကေတာ့ စတင္ အေကာင္အထည္ ေဖာ္ေနၿပီ ျဖစ္ေၾကာင္း၊ စီမံကိန္းေတြကို အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) က ရန္ပံုေငြ ထူေထာင္ေပးထားေၾကာင္းလည္း ဝန္ႀကီး ဂတ္ဒ္ကာရီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် လမ်းမကြီး ၂၀၁၉ နှစ်ကုန်မှာ စတင်မယ်

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီး စီမံကိန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ စတင်မယ်လို့ အိန္ဒိယ ကုန်းလမ်းပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းဆိုင်ရာ ဝန်ကြီး နီတင် ဂတ်ဒ်ကာရီက ပြောပါတယ်။

၁၄၀ဝ ကီလိုမီတာ အရှည်ရှိတဲ့ အဝေးပြေးလမ်းမကြီး စီမံကိန်းကို အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာတို့ ပူးတွဲ အကောင်အထည် ဖော်နေတာ ဖြစ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို တိုးမြှင့်စေနိုင်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနဲ့ အာဆီယံအဖွဲ့တို့မှာ စီမံကိန်း ၂၄ ခု အကောင်အထည် ဖော်ဖို့ ရှိပြီး အဲဒီထဲက ၁၆ ခုကတော့ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း၊ စီမံကိန်းတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ပုံငွေ ထူထောင်ပေးထားကြောင်းလည်း ဝန်ကြီး ဂတ်ဒ်ကာရီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)