ျမန္မာနဲ႔ ကေမာၻဒီးယား ေရလုပ္သားေတြ ေခါင္းပံုျဖတ္ခံရမႈ ထိုင္း မကိုင္တြယ္ႏိုင္ေသး

0
2284

ငါးလုပ္ငန္းမွာ ျမန္မာနဲ႔ ကေမာၻဒီးယား လုပ္သားေတြ ေခါင္းပံု ျဖတ္ခံေနရမႈကို အကာအကြယ္ေပးဖို႔ ထိုင္းႏိုင္ငံအေနနဲ႔ အေလးေပး လုပ္ေဆာင္ဖို႔ ပ်က္ကြက္ေနတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔က ေျပာပါတယ္။

အိမ္နီးခ်င္း ႏိုင္ငံက ေရႊ႕ေျပာင္း လုပ္သားေတြကို လူကုန္ကူးၿပီး ထိုင္းႏိုင္ငံရဲ႕ ေရလုပ္ငန္းေတြမွာ ေခါင္းပံုျဖတ္ အျမတ္ထုတ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိေနဆဲ ျဖစ္တယ္လို႔ အေမရိကန္၊ နယူးေယာက္ၿမိဳ႕ အေျခစိုက္ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) ရဲ႕ စာမ်က္ႏွာ ၁၃၄ မ်က္ႏွာပါ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အစီရင္ခံစာ အမည္က “ကြယ္ေပ်ာက္ေနတဲ့ ကြင္းဆက္မ်ား – ထိုင္း ငါးဖမ္းလုပ္ငန္းတြင္ အဓမၼ ခိုင္းေစမႈႏွင့္ အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား” ျဖစ္ပါတယ္။

ထိုင္း ငါးဖမ္းသေဘၤာေတြမွာ ေရလုပ္သားေတြကို ဆိုးရြားစြာ ဆက္ဆံတာ၊ လူကုန္ကူးတာေတြကို ၂၀၁၅ ခုႏွစ္ကတည္းက မီဒီယာေတြက ေရးသားေနေပမယ့္ ငါးလုပ္ငန္းမွာ တရားမဝင္လုပ္ေဆာင္တာ၊ သတင္းထိန္ခ်န္တာ၊ စည္းကမ္းခ်မွတ္တာေတြကို ေအာက္ေျခကေန ျပဳျပင္ေျပာင္းလဲဖို႔ ထိုင္းအစိုးရက အႀကီးအက်ယ္ ပ်က္ကြက္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
………………….. ။ ။ ……………………

မြန်မာနဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေ ခေါင်းပုံဖြတ်ခံရမှု ထိုင်း မကိုင်တွယ်နိုင်သေး

ငါးလုပ်ငန်းမှာ မြန်မာနဲ့ ကမ္ဘောဒီးယား လုပ်သားတွေ ခေါင်းပုံ ဖြတ်ခံနေရမှုကို အကာအကွယ်ပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ အလေးပေး လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေကို လူကုန်ကူးပြီး ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်းတွေမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန်၊ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ စာမျက်နှာ ၁၃၄ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာ အမည်က “ကွယ်ပျောက်နေတဲ့ ကွင်းဆက်များ – ထိုင်း ငါးဖမ်းလုပ်ငန်းတွင် အဓမ္မ ခိုင်းစေမှုနှင့် အခွင့်အရေးချိုးဖောက်မှုများ” ဖြစ်ပါတယ်။

ထိုင်း ငါးဖမ်းသင်္ဘောတွေမှာ ရေလုပ်သားတွေကို ဆိုးရွားစွာ ဆက်ဆံတာ၊ လူကုန်ကူးတာတွေကို ၂၀၁၅ ခုနှစ်ကတည်းက မီဒီယာတွေက ရေးသားနေပေမယ့် ငါးလုပ်ငန်းမှာ တရားမဝင်လုပ်ဆောင်တာ၊ သတင်းထိန်ချန်တာ၊ စည်းကမ်းချမှတ်တာတွေကို အောက်ခြေကနေ ပြုပြင်ပြောင်းလဲဖို့ ထိုင်းအစိုးရက အကြီးအကျယ် ပျက်ကွက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)