
0
2090



………………… ။ ။ ……………………

ဖေဖော်ဝါရီ ၁ မှာ ရိုက်တာ သတင်းထောက်တွေအမှု အာမခံ လျှောက်ထားချက် အမိန့်ချမယ်

မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့အမှု အာမခံ လျှောက်ထားမှုအပေါ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ကို မနေ့က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုကို စတင် စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် အာမခံလျှောက်ထားတဲ့အပေါ် နှစ်ဖက် လျှောက်လွှဲလျက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြားနာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ရုံးချိန်းမှာ အမှုက တရားလိုပြသက်သေ ၂၅ ဦးအနက် တရားလိုပြ သက်သေတစ်ဦးကိုလည်း ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)