ဒုကၡသည္ ျပန္ပို႔ေရး ျပင္ဆင္ခ်ိန္ လိုေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ခံ

0
2079

ဒုကၡသည္ေတြကို ရခိုင္ျပည္နယ္ဘက္ စိစစ္ျပန္ပို႔ေရးမွာ ျပင္ဆင္ခ်ိန္ ေတာ္ေတာ္ လိုအပ္ေနေသးတယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရက ဝန္ခံေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

ျမန္မာဘက္က ပို႔လိုက္တဲ့ ပံုစံေတြကို ဘဂၤလားေဒ့ရွ္က အကုန္ ျဖည့္ရမယ္၊ ျဖည့္ခိုင္းဖို႔ UNHCR အကူအညီကို ယူဖို႔ ဇန္နဝါရီ ၂၂ ရက္ေန႔ကမွ လက္မွတ္ထိုးရတယ္၊ အခုမွ ပံုစံျဖည့္စြက္မႈကို စလုပ္ရမယ္၊ ျဖည့္စြက္ၿပီးရင္ ျမန္မာဘက္ ျပန္ပို႔ရမယ္၊ မပို႔ခင္ UNHCR က ျပန္မယ့္သူေတြကို ဆႏၵအေလ်ာက္လား၊ တိုက္တြန္းလို႔လားဆိုတာ ေမးျမန္းစိစစ္ရမယ္လို႔ မေန႔က ဇန္နဝါရီ ၂၃ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီး ဦးေက်ာ္တင္က ေျပာသြားပါတယ္။

ေနရပ္ျပန္မယ့္သူေတြကို ျပန္လည္ ခက္ခံရမယ့္ ေန႔က ဇန္နဝါရီ ၂၃ ျဖစ္ၿပီး ျမန္မာဘက္က ဝန္ထမ္းေတြ အဆင္သင့္ ျဖစ္ေနေၾကာင္း၊ ပထမအသုတ္ လာဖို႔အတြက္ အဆင္သင့္ ျဖစ္ေနေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးကလည္း အဲဒီ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
…………………… ။ ။ …………………….

ဒုက္ခသည် ပြန်ပို့ရေး ပြင်ဆင်ချိန် လိုနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ခံ

ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဘက် စိစစ်ပြန်ပို့ရေးမှာ ပြင်ဆင်ချိန် တော်တော် လိုအပ်နေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဝန်ခံကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

မြန်မာဘက်က ပို့လိုက်တဲ့ ပုံစံတွေကို ဘင်္ဂလားဒေ့ရှ်က အကုန် ဖြည့်ရမယ်၊ ဖြည့်ခိုင်းဖို့ UNHCR အကူအညီကို ယူဖို့ ဇန်နဝါရီ ၂၂ ရက်နေ့ကမှ လက်မှတ်ထိုးရတယ်၊ အခုမှ ပုံစံဖြည့်စွက်မှုကို စလုပ်ရမယ်၊ ဖြည့်စွက်ပြီးရင် မြန်မာဘက် ပြန်ပို့ရမယ်၊ မပို့ခင် UNHCR က ပြန်မယ့်သူတွေကို ဆန္ဒအလျောက်လား၊ တိုက်တွန်းလို့လားဆိုတာ မေးမြန်းစိစစ်ရမယ်လို့ မနေ့က ဇန်နဝါရီ ၂၃ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးကျော်တင်က ပြောသွားပါတယ်။

နေရပ်ပြန်မယ့်သူတွေကို ပြန်လည် ခက်ခံရမယ့် နေ့က ဇန်နဝါရီ ၂၃ ဖြစ်ပြီး မြန်မာဘက်က ဝန်ထမ်းတွေ အဆင်သင့် ဖြစ်နေကြောင်း၊ ပထမအသုတ် လာဖို့အတွက် အဆင်သင့် ဖြစ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)