
0
2157



…………………. ။ ။ …………………..

မြစ်ကြီးနား ကမ္ဘောဇဘဏ်မှာ သိန်း ၉၀ဝ ကျော် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်ကို မနေ့က ဇန်နဝါရီ ၂၃ မှာ ဓားပြဝင်တိုက်လို့ ကျပ်သိန်း ၉၂၀ ကျော် ပါသွားပါတယ်။

ဘဏ်ပိတ်ချိန် နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်မှာ ဘဏ်ထဲကို လူ ၄ ဦး ရုတ်တရက် ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို လက်နက်နဲ့ ခြိမ်းခြောက်ကာ ကျပ်သိန်း ၉၂၀ ကျော်ကို လုယက် ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်က မြစ်ကြီးနား အမှတ် (၁) ရဲစခန်းကို အမှုဖွင့်တိုင်ကြားထားပြီး လုယက် ဓားပြတိုက်သူတွေကို စုံစမ်းဖော်ထုတ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)