ဘဂၤါလီေတြ ေနရပ္မျပန္ေအာင္ တိုက္တြန္းတဲ့ အုပ္စုေတြ ရွိတယ္လို႔ ဝန္ႀကီး ဦးေက်ာ္တင္ ေျပာ

0
307

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေရာက္ ဘဂၤါလီ မြတ္စလင္ေတြကို ေနရပ္မျပန္ေအာင္ တိုက္တြန္းေနတဲ့ အုပ္စုေတြ ရွိတယ္လို႔ သံုးသပ္မိေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

တခ်ိဳ႕က ျပႆနာကို ေျပလည္မွာ စိုးရိမ္တဲ့သူေတြ ရွိေၾကာင္း၊ ျပႆနာကို ေျပလည္ေအာင္ မလုပ္ဘဲ ပိုၿပီး ခက္ခဲ႐ႈပ္ေထြးလာကာ ႏိုင္ငံတကာ အာ႐ံုစိုက္မႈ ရေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနသူေတြရွိေၾကာင္း ဝန္ႀကီး ဦးေက်ာ္တင္က မေန႔က ဇန္နဝါရီ ၂၃ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရ ႏွစ္ရပ္က ျပႆနာကို ေျပလည္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္း၊ တခ်ိဳ႕က ႏိုင္ငံတကာ ဖိအားကို ပို အသံုးျပဳခ်င္တဲ့အတြက္ ျပႆနာကို ပို႐ႈပ္ေထြး၊ ႀကီးမားေအာင္ လုပ္တာေတြ ရွိတယ္လို႔လည္း ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။
……………………. ။ ။…………………….

ဘင်္ဂါလီတွေ နေရပ်မပြန်အောင် တိုက်တွန်းတဲ့ အုပ်စုတွေ ရှိတယ်လို့ ဝန်ကြီး ဦးကျော်တင် ပြော

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီ မွတ်စလင်တွေကို နေရပ်မပြန်အောင် တိုက်တွန်းနေတဲ့ အုပ်စုတွေ ရှိတယ်လို့ သုံးသပ်မိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

တချို့က ပြဿနာကို ပြေလည်မှာ စိုးရိမ်တဲ့သူတွေ ရှိကြောင်း၊ ပြဿနာကို ပြေလည်အောင် မလုပ်ဘဲ ပိုပြီး ခက်ခဲရှုပ်ထွေးလာကာ နိုင်ငံတကာ အာရုံစိုက်မှု ရအောင် ကြိုးပမ်းဆောင်ရွက်နေသူတွေရှိကြောင်း ဝန်ကြီး ဦးကျော်တင်က မနေ့က ဇန်နဝါရီ ၂၃ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ နှစ်ရပ်က ပြဿနာကို ပြေလည်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ တချို့က နိုင်ငံတကာ ဖိအားကို ပို အသုံးပြုချင်တဲ့အတွက် ပြဿနာကို ပိုရှုပ်ထွေး၊ ကြီးမားအောင် လုပ်တာတွေ ရှိတယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)