အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့ ရေးသားချက်တွေကို မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရှုတ်ချ

0
252

လက်ရှိအွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုရဲ့ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေတဲ့ မူဝါဒဆိုင်ရာ ရေးသားချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ပြီး အစစ်အမှန်ဟုတ်မဟုတ် သိဖို့ လေ့လာစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI)က ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ ပုသိမ်ပညာရေးကောလိပ် ပထမနှစ်သင်တန်း တက်ရောက်မယ့်သူတွေအတွက် ကိုယ်ရည်ကိုယ်သွေး သတ်မှတ်ချက်မှာ တက်တူးထိုးသူတွေနဲ့ မသန်စွမ်းကျောင်းသားတွေအပါအဝင် ကျား/မ ပီသမှုမရှိသူတွေကို လက်မခံဘူးဆိုတဲ့ မူဝါဒ ရေးသားချက် ပျံ့နှံ့နေပြီးနောက်မှာ MILI အဖွဲ့က ခုလို ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အစည်း အနေနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်မှုအပေါ် ခွဲခြားဆက်ဆံရာရောက်တဲ့ ဘယ်လို ရေးသားဖော်ပြချက်၊ ဆောင်ရွက်ချက်ကိုမှ လက်မခံသလို ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေလည်း မသန်စွမ်းလူထုနဲ့ ပူးပေါင်းပါဝင်ပြီး ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မသန်စွမ်းသူအရေအတွက် ၂.၃ သန်းရှိပြီး မသန်စွမ်းသူများရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ ရပိုင်ခွင့်တွေကို ဖောင်ဆောင်မြှင့်တင်ပေးဖိုပ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်းမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)