ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အစိုးရ တိကျရှင်းလင်းတဲ့ သဘောထားထုတ်ပြန်ပေးဖို့ ပါတီ ၁၅ ခု တောင်းဆို

0
333

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ် လက်ခံမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် အစိုးရအနေနဲ့ ဒီအပေါ်မှာ တိကျရှင်းလင်းတဲ့ သဘောထား ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီ ၁၅ ဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီနိုင်ငံရေးပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တ.စ.ည၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို့အပြင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ တအောင်း-ပလောင် အမျိုးသားပါတီနဲ့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီလို တိုင်းရင်းသား ပါတီတချို့လည်း ပါဝင်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်ရဲ့အခြေအနေက ပြည်သူလူထု လူမှုစီးပွားဘဝ လုံခြုံမှု အားနည်းပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ဖြစ်ပေါ်နေသလို စီးပွားရေးပိုမိုကျပ်တည်းမှုကြောင့် ပြည်သူတွေ အဆင်မပြေမှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလိုအချိန်မှာ မြန်မာနိုင်ငံ အနောက်ဘက်ကနေ ဝင်ရောက်လာမယ့် နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ် ပြန်လက်ခံမယ့် သတင်းတွေထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေပြီး လူထုရဲ့ လူမှုစီးပွားဘဝ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တာတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကသာ ကိုင်တွယ်သင့်တယ်လို့လည်း ပါတီ ၁၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)