သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

0
353

သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးရဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ကင်ဘာရာမြို့မှာရှိတဲ့ မြန်မာနိုင်ငံ သံအမတ်ကြီးရဲ့ နေအိမ်မှာ ကျင်းပခဲ့တာပါ။

အခမ်းအနားမှာ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသာအောင်ညွန့်က မိန့်ခွန်းပြောကြားပြီး အထူးဧည့်သည်တော်အဖြစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး Ms. Lyndall Sachs က မြန်မာ့ရိုးရာဝတ်စုံနဲ့ တက်ရောက်ခဲ့ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Assistant Secretary Mr. Gary Quinlan တို့အပြင် သက်ဆိုင်ရာ ဧည့်သည်တော်ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခမ်းအနားမှာ ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာ့ရိုးရာ စောင်းလက်သံ၊ မြန်မာ့ရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့သလို မြန်မာ့ရိုးရာ အစားအစာတွေနဲ့လည်း တည်ခင်း ဧည့်ခံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)