မလေးရှားမှာ အသတ်ခံခဲ့ရတဲ့ မြန်မာလုပ်သား ငါးဦးရဲ့ မိသားစုတွေကို MOEAF က ကျပ် ၁၀ သိန်းစီ လှူဒါန်း

0
344

မလေးရှားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ငါးဦးရဲ့ မိသာစုတွေကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ တစ်မိသားစုကို ငွေကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ လုပ်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများ စုပေါင်းပြီး ဆာဒန်းမြို့မှာ ကွယ်လွန်ခဲ့တဲ့ မြန်မာအလုပ်သမား ငါးဦးကို ကရုဏာထောက်ပံ့ငွေ ပေးအပ်တဲ့ အခမ်းအနားမှာ လှူဒါန်းခဲ့တာပါ။

မြန်မာအလုပ်သမားငါးဦးဟာ ဇန်နဝါရီလ ၅ ရက်နေ့က ဆာဒန်းစက်မှုဇုန်နယ်မြေထဲမှာ အမည်မသိ လူတစ်စုက ဓားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး မလေးရှား ရဲတပ်ဖွဲ့က အဖြစ်မှန်ပေါ်ပေါက်ဖို့ လူ ၁၀ ဦးကို ဖမ်းဆီးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)