အမျိုးသမီးတွေကို အဓမ္မကျင့်တာမျိုးမရှိဘူးလို့ မောင်တောမြို့နယ်၊ ပြောင်ပိုက်ရွာ ဒေသခံတွေ ပြော

0
326

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာမျိုး မရှိဘူးလို့ အဓမ္မကျင့်ခံရတယ်လို့ သတင်းထွက်ခဲ့တဲ့ ပြောင်ပိုက်ရွာက ဒေသခံတွေက ပြောကြားလိုက်ပါတယ်။

rape

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တာဝန်ရှိသူတွေက ပြောင်ပိုက်ကျေးရွာကို သွားရောက်ပြီး မေးမြန်းစဉ်မှာ ဒေသခံတွေက အဲဒီလို ဖြေကြားခဲ့တာပါ။

ပြောင်ပိုက်ကျေးရွာနေ မဂျာမာလီဟာနဲ့ ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း(ခ)မနိုရ်ဂျန်တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ကနေ ၂၂ ရက်အတွင်း ပြည်တွင်းပြည်ပမီဒီယာတွေလာရောက်တွေ့ဆုံစဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကို အဓမ္မကျင့်တယ်လို့ ပြောကြားခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ထပ်မံသွားရောက်စဉ်မှာတော့ သူတို့နှစ်ယောက်ဟာ ပြောင်ပိုက်ရွာမှာ မနေဘဲ ငါးစားကြူးကျေးရွာကို သွားရောက်နေခဲ့တာ ဖြစ်ပါတယ်။

rape2

အဲဒီမတိုင်ခင် ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း မောင်တောမှာ သွားရောက်စစ်ဆေးစဉ်မှာလည်း မဂျာမာလီဟာက ကိုယ်တိုင်လည်း အဓမ္မကျင့်ခံရတာမရှိသလို၊ တခြားသူတွေ ကျင့်ခံရတာလည်း မတွေ့ရှိဖူးလို့ ဖြေကြားခဲ့သူ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့ဟာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူးနဲ့ ရပ်မိရပ်ဖတွေကို တွေ့ဆုံမေးမြန်းရာမှာ မဂျာမာလီဟာနဲ့ ဒေါ်သန်းသန်းတို့ကို ခေါ်ထားပေမဲ့ မလာဘဲ တိမ်းရှောင်နေတာဖြစ်ကြောင်းပြောကြားပြီး မဂျာမလီဟာရဲ့ နေအိမ်အနီးမှာနေတဲ့ အိမ်နီးချင်းတွေကလည်း ရွာထဲမှာ အဓမ္မကျင့်ခံရတယ်ဆိုတဲ့ သတင်းကိုမကြားမိကြောင်းနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ပြောလဲဆိုတာ မသိကြောင်း ပြန်ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။

rape3

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)