ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်နဲ့ ဝ ပါဝင်မယ်လို့ မြောက်ပိုင်းမဟာမိတအဖွဲ့ ထုတ်ပြန်

0
286

မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့တပ်မတော်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ရင် တရုတ်နိုင်ငံက သက်သေအဖြစ် ပါဝင်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီလည်း ပါဝင်မယ်လို့ မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

northern-alliance

မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့က World Trade Center မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် Mr. Sun Guaxiang နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ခုလို ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မယ့် နည်းလမ်းကို အဆက်မပြတ် ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

ဒီဇင်ဘာ ၁၃ မှာ ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြု အထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဆီက ဖုန်း အဆက်အသွယ်ရပြီး ဒီဇင်ဘာ ၁၄ မှာ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေဆီက ကေအိုင်အေ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဆီကို မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အလွတ်သဘောဆွေးနွေးဖို့ကမ်းလှမ်းတဲ့ စာကိုလည်း ရရှိထားပြီးဖြစ်တဲ့အတွက် ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့လည်း မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့က အကြောင်းပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)