ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီတွေ တင်ဆောင်ပြီး မလေးရှားသို့ ပို့မယ့် မြန်မာပိုင် လူမှောင်ခိုလှေ ဖမ်းမိ

0
290

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီ ၂၀၀ ကို တစ်ဦးကို ဘတ် တစ်သောင်းခွဲနဲ့ မလေးရှားနိုင်ငံကို တရားမ၀င်ပို့ဆောင်ပေးမယ့် လူမှောင်ခိုလှေကို မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်က တပ်မတော်ရေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မြန်မာ့ရေပိုင်နက် အတွင်း ကင်းလှည့်စဉ်မှာ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

2

ဒီလှေကို ထိုင်းနိုင်ငံနေ ဘင်္ဂါလီလူမျိုး ဂျမားဆိုသူက ကျိုက္ခမီမြို့ ၀က်သိုးရပ်ကွက်နေ လှေပိုင်ရှင် ဦးသန့်ဇင်ဆိုသူကို တိုက်ရိုက်ဆက်သွယ်ငှားရမ်း ခဲ့တာဖြစ်ပါတယ်။ လှေပေါ်မှာ အမျိုးသားရှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီလူတွေဟာ လှေပိုင်ရှင်မဟုတ်ဘဲ လှေသားတစ်ဦကို တစ်ခေါက်ကို ငွေကျပ်တစ်သိန်းခွဲနဲ့ ငှားရမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီလှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူပွဲစားသုံးဦးသွားရောက်ခေါ်ဆောင်စဉ်မှာ လူပွဲစားတွေရောက်မလာတာကြောင့် မြန်မာ့ရေပိုင်နက်အတွင်း ပြန်လည်ဝင်ရောက်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့လှေနဲ့ တရားခံရှစ်ဦးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)