မီဒီယာရဲ့မေးမြန်မှုကို အမှန်အတိုင်း ဖြေခဲ့တဲ့ ဘင်္ဂါလီတစ်ဦး ခေါင်းဖြတ်သတ်ခံရ

0
455

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ မောင်တောဒေသကို လာရောက်သတင်းရယူခဲ့တဲ့ မီဒီယာတွေကို ဖြစ်စဉ်အမှန်အတိုင်း ဖြေကြားခဲ့တဲ့ ဘင်္ဂါလီတစ်ဦး အသတ်ခံခဲ့ရပါတယ်။

15698174_1299334170112406_7392535818647803995_n

   (မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားနေသော ဘင်္ဂါလီတစ်ဦး)

မောင်တောမြို့နယ်၊ ငါးခူရကျေးရွာနေ ဒူမာမတ်ဆိုသူဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းမီဒီယာတွေ လာရောက်စဉ် မေးမြန်းသမျှကို ဖြေကြားခဲ့ပြီးနောက် အခုလိုသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

မီဒီယာတွေရဲ့ ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ခြင်း၊ မုဒိန်းကျင့်မှုဖြစ်စဉ်တွေ ရှိ၊မရှိ မေးမြန်းစဉ် မဟုတ်မမှန် ကြောင်း ဖြေကြားခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ညနေက အိမ်က ထွက်သွားပြီးနောက် ပြန်ရောက်မလာခဲ့ဘဲ ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လယ်မှာ ငါးခူရကျေးရွာနဲ့ ဒိုးတန်းကျေးရွာကြားရှိ စပယ်ရင်းချောင်းထဲမှာ ဦးခေါင်းမပါတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငါးခူရနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)