အသတ်ခံခဲ့ရတဲ့ သတင်းထောက် ကိုစိုးမိုးထွန်း အမှုမှန်ပေါ်ပေါက်ရေး အတွက် ဆုတောင်းပွဲ ပြုလုပ်

0
333

အလဲဗင်းမီဒီယာဂရုရဲ့ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာလ(၂၂)ရက်နေ့က မုံရွာမြို့ ရွှေစည်းခုံဘုရားဝန်းအတွင်းမှာ ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

15416952_635736479962922_1558671188_n

ဒီဆုတောင်းပွဲကို အသတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းရဲ့ ဇနီးနဲ့သားလည်း ပါဝင်ခဲ့သလို နိုင်ငံရေးပါတီဝင်တွေ၊ ဒေသခံများနဲ့ သတင်းမီဒီယာသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီဆုတောင်းပွဲမှာ အသတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်း အမှုမှန် အမြန်ဆုံး ဖော်ထုတ်ရေးကိုဆိုတဲ့အချက်ကို လူအင်အား တစ်ရာငါးဆယ်ခန့်က တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)