စုစည်းမှုကို အားပေးတဲ့ ပညာရေးစနစ်ဖြစ်အောင် လုပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
288

မြန်မာ့ပညာရေးစနစ်ကို စုစည်းမှုကိုအားပေးတဲ့ ပညာရေးစနစ်မျိုး ဖြစ်အောင် ကြိုးစားနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

15589730_385275975148526_6524489346134244623_n

ဒီဇင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့မှာ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာကျင်းပတဲ့ ကင်းထောက်ရာပြည့် အခမ်းအနားမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ လူ့အသိုင်းအ၀ိုင်းမှာ စုစည်းမှုလိုအပ်ပြီး လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် စုစည်းဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။

တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်ဖို့ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ပံ့ပိုးပေးဖို့ဖြစ်ပြီး ဒီလိုပြောဆိုတာကြောင့် မပြိုင်ဆိုင်ခိုင်းတာမဟုတ်ဘဲ ပြိုင်ဆိုင်ရမှာဖြစ်ပြီး အဲဒီ ပြိုင်ဆိုင်မှုဟာ လူတိုင်းလူတိုင်းရဲ့ အရည်အချင်းကို တိုးတက်အောင်လို့ ပြိုင်ဆိုင်ရတဲ့ ပြိုင်ဆိုင်မှုမျိုးပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)