ရန်ကုန်ဆိပ်ကမ်း သာယာလှပရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်

0
308

ရန်ကုန်ဆိပ်ကမ်း ဧရိယာသာယာ လှပရေးအတွက် ရည်ရွယ်ပြီး ဗိုလ်တထောင်ဆိပ်ကမ်း ဧရိယာအတွင်း စွန့်ပစ်အမှိုက်တွေ ရှင်းလင်းသိမ်းဆည်းတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

15672506_1825837177691556_3856562736866428435_n

ဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Royal Haskoning (Myanmar) နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တာဖြစ်ပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာ သာယာလှပရေးနှင့် မြစ်ကြောင်းများ သန့်ရှင်းရေး လူထုပူးပေါင်းပါဝင်မှုမြှင့်တင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး ယခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)