ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူတွေကို ရည်စူးပြီး ဆွမ်း ဆက်ကပ် လှူဒါန်း

0
319

ရန်ကုန်-မန္တလေးအမြန်လမ်းမှာကြီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအတွင်း သေဆုံးခဲ့တဲ့သူ ခုနစ်ဦးအတွက် ရည်စူးပြီး ဆွမ်းဆက်ကပ် လှူဒါန်းမှုပြုလုပ်ခဲ့ကြပါတယ်။

15697779_403055090035297_8642073951558748974_n

ဒီဇင်ဘာလ ၂၃ ရက် ဒီကနေ့ နံနက်မှာ ယာဉ်မတော် တဆဖြစ်ပွားခဲ့တဲ့နေရာမျာ ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာငါးပါးကိုပင့်ဖိတ်ကာ ဆွမ်းဆက်ကပ် မှုပြုလုပ်ခဲ့တာပါ။ ဒီလိုဆွမ်းဆက်ကပ်လှူဒါန်းမှုကို မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းမိသားစုက ဦးစီးပြုလုပ်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူတွေအတွက် အမျှအတမ်းပေးဝေခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီလောက်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ဝန်ထမ်းလေးဦး ခရီးသည် သုံးဦး စုစုပေါင်း ခုနစ်ဦး
သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)