ဓမ္မာရုံထဲ အသံချဲ့စက်ကြိုးဝင်ဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

0
303

မန္တလေးမြို့မှာ ပရိတ်ရွတ်နေတဲ့ ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ကြိုး ဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသားကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ဗီဇာစည်းကမ်းချိုးဖောက်မှုနဲ့ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

netherland

ကလာ့စ်ဟေတီမာလို့ အမည်ရတဲ့ အဲဒီ နယ်သာလန်နိုင်ငံသားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပုဒ်မ ၂၉၆ ဥပဒေနှင့်အညီ သာသနာရေးဆိုင်ရာ ဝတ်ပြုအခမ်းအနားကို နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် သုံးလ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၄)၂/၁၃(၁)အရ ငွေဒဏ် ၁ သိန်း ချမှတ်ခံခဲ့ရတာပါ။

သူဟာ စက်တင်ဘာ ၂၃ ရက် ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ ဝတ်ရွတ်နေစဉ်မှာ သူတည်းခိုနေတဲ့ တည်းခိုခန်းထဲကထွက်လာပြီး အသံချဲ့စက်ကြိုးကို ဝင်ရောက်ဆွဲဖြုတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရာမှာ ဗီဇာစည်းကမ်းထဲမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ကို လေးစားရမယ်ဆိုတဲ့အချက် ပြဋ္ဌာန်းထားတာပါ။ သူ့အနေနဲ့ ပရိတ်ရွတ်နေမှန်းမသိဘဲ ကလေးတွေ ကစားနေတာမှတ်ကြောင်းနဲ့ စော်ကားလိုစိတ်မရှိကြောင်းကိုတော့ အမှုရင်ဆိုင်ချိန်မှာ ကလာ့စ်ဟေတီမာက ပြောကြားခဲ့ပါတယ်။

ကလာ့စ်ဟေတီမာအပါအဝင်နဲ့ဆို မန္တလေးတရားရုံးကနေ ပြည်နှင်ဒဏ်ပေးခဲ့တဲ့ နိုင်ငံခြားသား ၁၈ ယောက် ရှိပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)