ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ ကော်မတီတစ်ရပ် ဖွဲ့စည်း

0
244

၂၀၁၇/၁၈ နှစ်အတွက် သတ်မှတ်မဲ့ ဘတ်ဂျက်ငွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာစီစစ်ရေး ကော်မတီတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း ဖွဲ့စည်းလိုက်ပြီလို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက MCN သတင်းဌာနကိုပြောကြားလိုက်ပါတယ်။

15713241_1037133566413657_1618673732_n

အစိုးရသစ်အနေနဲ့ ၂၀၁၇/၁၈ မှာ ရေးစွဲမယ့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာ အခုလိုပြော ကြားလိုက်ပါ။ ဒါ့အပြင် ဒီနှစ်မှာ တင်လာတဲ့စီမံကိန်းတွေဟာ ပြည်သူတွေအတွက် လိုအပ်လား မလိုအပ်ဘူးလားဆိုတာကို ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး အဲဒီလို စစ်ဆေးပြီးမှသာ ဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

ယခင်အစိုးရလက်ထက်က တောင်းခံလာတဲ့ ဘတ်ဂျက်တွေမှာ ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးမှုများခဲ့တာကြောင့် အစိုးရသစ်လက်ထက်မှာအခုလို စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)