တပ်မတော် အရာရှိကြီးတွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တွေ့ဆုံ

0
300

ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့ ကိုလိုနီစီးပွားရေး စနစ်ကိုသာ အားပေးအုပ်ချုပ် ခဲ့တာကြောင့် တိုင်းရင်းသား
ဒေသတွေ ဖွံ့ဖြိုးမှုနည်းပြီး အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

15590281_1426299500737867_2889649819202777638_n

ဒီကနေ့ မနက်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ သင်တန်းခန်းမမှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးတွေ နည်းပြ
အရာရှိကြီးတွေ သင်တန်းသားအရာရှိကြီးတွေနဲ့ တပ်နယ်မှ အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင်သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်လည်း လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေဖြစ်ပေါ်ခဲ့ပြီး လွတ်လပ်ရေးရပြီး ခေတ်မှာလည်း ပြုလုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ ပြန်လည်ထူထောင်ရေးကိုသာ ဦးစားပေးခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု ဆက်လက် အားနည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် လွတ်လပ်ရေးရပြီး စကာလမှစကာတိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာရတာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)