အိမ်စီးကားကို ရှောင်ရင်း မန္တလာမင်း ဘီးပေါက်တိမ်းမှောက်လို့ လူ ခုနစ်ဦးသေဆုံး

0
380

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၁ မိုင်အနီးမှာ နေပြည်တော်မှ ရန်ကုန်ကို ထွက်ခွာလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဉ်ဟာ ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် လူ ခုနစ်ဦးသေဆုံးပြီး လူအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

15697905_1280789311964543_2471441847657956899_n

ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ခုနစ်နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီယာဉ်တိမ်းမှောက်မှုဟာ မန္တလာမင်း ခရီးသည်တင်ယာဉ်ရှေ့ကို ဖြတ်ဝင်လာတဲ့ အိမ်စီးကားတစ်စီးကို ရှောင်ရင်း လမ်းဘေးတုံးကိုဝင်တိုက်ကာ တာယာကွဲပြီး တံတားနှစ်စင်းကြား ထိုးကျပြီး မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ ဒီယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း နှစ်ဦးနဲ့ ယာဉ်အကူမယ်တစ်ဦးနဲ့ ယာဉ်ဝန်ထမ်းတစ်ဦးအပါအ၀င် ခရီးသည်သုံးဦး စုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့တာပါ။

mandalarmin2

mandalarmin3

mandalarmin4

ယာဉ်ပေါ်မှာ ယာဉ်လုပ်သား ငါးဦးအပါအ၀င် စုစုပေါင်း လူ ၄၅ ဦးလိုက်ပါလာတာဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် လမ်းဘေးတုံး ပေ ၃၀ ခန့်နဲ့ တံတားလက်ရန်း ပေ ၃၀ ခန့် ပျက်စီးခဲ့ရပါတယ်။ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး မြို့ချောင်း အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)