ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီပြပွဲ ၅ ရက်ကြာ ပြသမယ်

0
795


 



 

<>>>>>>>>>>>>>>>>>>

ပန်းချီဆရာမ နုယဉ်ရဲ့ တစ်ကိုယ်တော်ပြပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံတူပန်းချီကားတွေ အပါအဝင် ဆီဆေး ၊ Acrylic နဲ့ ရေးဆွဲထားတဲ့ ပန်းချီပြပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ 43 Art Gallery ပန်းချီပြခန်းမှာ ပြသသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က MCNသတင်းဌာန ကို ပြောပါတယ်။

အဲဒီပန်းချီပြပွဲမှာ ပန်းချီကားပေါင်း ၃၃ ကား ပါဝင်မှာဖြစ်ပြီး အများစုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံတူပန်းချီကားတွေ ဖြစ်ပါတယ်။

အခုတစ်ကြိမ် တစ်ကိုယ်တော် ပန်းချီပြပွဲဟာ ဒုတိယအကြိမ်မြောက်ပြပွဲဖြစ်ပြီး ပန်းချီဆရာမ နုယဉ်ဟာ ဆူးလေဘုရားအနီးက  ချိတ်ဆွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံတူပန်းချီကား ကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာမ တစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)