ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တယ်လို့ ပြောကြား

0
647







<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ အလုပ်ရှင်နဲ့အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

စက်မှုလုပ်ငန်းတွေမှာ အလုပ်ရှင်-အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှသာ ကုန်ထုတ်စွမ်းအားတိုးတက်လာပြီး အလုပ်ရှင်လည်း အကျိုးအမြတ်ရ အလုပ်သမားလည်း ခံစားခွင့်တွေ ပိုရလာမှာဖြစ်တယ်လို့ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ပြောပါတယ်။

Soundbite – ဦးတင်ကိုကိုနိုင် (ဒုတိယညွှန်ကြားရေးမှူးချူပ်)
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

ဒီလို လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုမရှိတဲ့အခါ ကုန်ထုတ်စွမ်းအားကျဆင်းလာပြီး မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ၊ သပိတ်မှောက်မှုတွေဟာ ပိုမိုများပြားလာနိုင်လို့ အလုပ်ရှင်၊အလုပ်သမား အတူတကွဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Soundbite – ဦးတင်ကိုကိုနိုင် (ဒုတိယညွှန်ကြားရေးမှူးချူပ်)
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

ဒီနှစ်အတွင်း အလုပ်သမားရေးရာအငြင်းပွားမှုကိစ္စတွေပတ်သက်လို့ ညှိနှိုင်းဖြေရှင်းတဲ့အခါ မြို့နယ်အဆင့်မှာ ပြေလည်မှုတွေ အချို့ရှိလာပေမယ့် ဖုယွင်အထည်ချူပ်စက်ရုံနဲ့Great Well ဖိနပ်စက်ရုံတွေလို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ကိုယ်တိုင် ကြားဝင်ညှိနှိုင်းပေးနေရတာတွေလည်း ရှိနေပါသေးတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)