
0
631

မကြာခင်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီဝင်တွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် နိုင်ငံတော် သမ္မတဆီမှာ ကတိသစ္စာပြုမှာဖြစ်ပြီး အဲဒီ အခမ်းအနားပြီးတာနဲ့ ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

 



 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းမီဒီယာကောင်စီ နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမယ်

မကြာခင်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီဝင်တွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် နိ်ုင်ငံတော် သမ္မတဆီမှာ ကတိသစ္စာပြုမှာဖြစ်ပြီး အဲဒီ အခမ်းအနားပြီးတာနဲ့ ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပြန်ကြားရေး ဝန်ကြီးဒေါက်တာဖေမြင့် နဲ့ ထပ်မံတွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာလောက ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အခုလို ပြည်တွင်းသတင်း မီဒီယာသမားတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံတာဟာ ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)