
0
637




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြဝတီမြို့ကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၅ ဦး ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနဲ့ မညီညွှတ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံအတွင်းကို နယ်စပ်ဝင်ပေါက် ဂိတ်အသီးသီး ကနေ ပြန်လည်ဝင်ရောက် လာနေတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မြဝတီမြို့၊ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးကို မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ငွေကြေးတစ်စုံ တစ်ရာ ကောက်ခံခြင်း မရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားတွေ ၊ မူးယစ်ဆေးဝါးတွေ လက်နက် /ခဲယမ်းတွေ တရားခံပြေးတွေ ၊ ငွေစက္ကူအတုတွေကို စိစစ်ရှာဖွေခြင်းနဲ့ လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာဖြစ်ပြီး မြန်မာလုပ်သားတွေရဲ့ နေရပ်အသီးသီးကို ပြန်လည်ထွက်ခွာ သွားခဲ့တာလည်းဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)