အေမရိကန္ အစိုးရ တာဝန္ရွိသူေတြကို ရခုိင္ျပည္နယ္ဆီ သြားမႈ ယာယီဆုိင္းငံ့

0
604

အေမရိကန္ အစိုးရက အစိုးရတာဝန္ရွိသူေတြကို ရခုိင္ျပည္နယ္ကို သြားေရာက္မႈအေပၚ ယာယီ ဆုိင္းငံ့လုိက္တယ္လို႔ အေမရိကန္သံ႐ံုးက ေျပာပါတယ္။  

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္က ႏုိဝင္ဘာ ၂၂ ရက္ေန႔မွာ ရခုိင္ျပည္နယ္ေျမာက္ပုိင္း နယ္ေျမ ရွင္းလင္းမႈေတြေၾကာင့္ ဒုကၡသည္ ၆ သိန္းေက်ာ္ ထြက္ေျပးရတဲ့ ျဖစ္ရပ္ဟာ လူမ်ိဳးစု ရွင္းလင္းဖယ္ရွားေရး က်ဴးလြန္မႈလို႔ ေျပာဆုိခဲ့ၿပီးေနာက္ ဆႏၵျပမႈေတြ ျဖစ္လာမွာကို စုိးရိမ္တာေၾကာင့္ ရခုိင္ျပည္နယ္ထဲကို  အေမရိကန္အစိုးရ တာဝန္ရွိသူ သြားေရာက္မႈကို ဆိုင္းငံ့ဖုိ႔ သတင္းထုတ္ျပန္ခဲ့တာပါ၊

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲတဲ့ သီတင္းပတ္က ျမန္မာႏုိင္ငံကို ေရာက္ရွိခဲ့ၿပီး ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တုိ႔နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးေနာက္ ရခုိင္ျပည္နယ္ရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ အေမရိကန္အစိုးရ သေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို ရခိုင်ပြည်နယ်ဆီ သွားမှု ယာယီဆိုင်းငံ့

အမေရိကန် အစိုးရက အစိုးရတာဝန်ရှိသူတွေကို ရခိုင်ပြည်နယ်ကို သွားရောက်မှုအပေါ် ယာယီ ဆိုင်းငံ့လိုက်တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေ ရှင်းလင်းမှုတွေကြောင့် ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့ ဖြစ်ရပ်ဟာ လူမျိုးစု ရှင်းလင်းဖယ်ရှားရေး ကျူးလွန်မှုလို့ ပြောဆိုခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ရခိုင်ပြည်နယ်ထဲကို  အမေရိကန်အစိုးရ တာဝန်ရှိသူ သွားရောက်မှုကို ဆိုင်းငံ့ဖို့ သတင်းထုတ်ပြန်ခဲ့တာပါ၊

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲတဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)