ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္နဲ႔ တ႐ုတ္ ပူးတြဲစစ္ဦးဌာန စစ္ဦးစီးခ်ဳပ္တို႔ ေတြ႔ဆံုေဆြးေႏြး

0
407

တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရး ခရီး ေရာက္ရွိေနတဲ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္နဲ႔ တ႐ုတ္ ဗဟို စစ္ေကာ္မရွင္ အဖြဲ႔ဝင္နဲ႔ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး လီ ေဇာင္ခ်င္းတို႔ မေန႔က ႏုိဝင္ဘာ ၂၂ ရက္ေန႔မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ေဘဂ်င္းၿမိဳ႕ ေတြ႔ဆံုပြဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က တ႐ုတ္ႏိုင္ငံအေနနဲ႔ ရခိုင္ျပည္နယ္ အေရး ႏိုင္ငံတကာ စာမ်က္ႏွာမွာ ျမန္မာဘက္က ရပ္တည္ေပးတဲ့အတြက္ အထူးေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး လီ ေဇာင္ခ်င္းကလည္း ေတာင္တ႐ုတ္ ပင္လယ္အေရးမွာ ျမန္မာႏိုင္ငံက တ႐ုတ္ႏိုင္ငံဘက္က ရပ္တည္ေပးလို႔ ေက်းဇူးတင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။


တပ္မေတာ္ ႏွစ္ခုအၾကား ေလ့က်င္းေရး၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး၊ နယ္စပ္တည္ၿငိမ္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် ပူးတွဲစစ်ဦးဌာန စစ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီ ဇောင်ချင်းတို့ မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဘေဂျင်းမြို့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် အရေး နိုင်ငံတကာ စာမျက်နှာမှာ မြန်မာဘက်က ရပ်တည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဗိုလ်ချုပ်ကြီး လီ ဇောင်ချင်းကလည်း တောင်တရုတ် ပင်လယ်အရေးမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

တပ်မတော် နှစ်ခုအကြား လေ့ကျင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်တည်ငြိမ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)