ဟိုတယ္ႀကီးေတြနဲ႔ ေရနက္ဆိပ္ကမ္းေတြက သယံဇာတ ထိန္းသိမ္းေရးနဲ႔ ဆန္႔က်င္ေန

0
624

ဖြံ႔ၿဖိဳးေရး လုပ္ငန္းေတြျဖစ္တဲ့ ဟိုတယ္ႀကီးေတြ ေဆာက္လုပ္တာနဲ႔ ေရနက္ဆိပ္ကမ္း အေကာင္အထည္ ေဖာ္တာေတြဟာ သယံဇာတ ထိန္းသိမ္းေရးနဲ႔ ပတ္သက္လို႔ ဆန္႔က်င္ဘက္ ျဖစ္ေနတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးဘဟိန္းက ေျပာပါတယ္။

သဘာဝ ထိန္းသိမ္းေရး နယ္ေျမေတြကို နယ္နိမိတ္ ပိုင္းျခားသတ္မွတ္ဖို႔နဲ႔ နယ္နိမိတ္ အတြင္းမွာေတာ့ အေသအခ်ာ ကာကြယ္ဖို႔ သက္ဆိုင္ရာကို အႀကံျပဳထားေၾကာင္းလည္း သူက ေျပာပါတယ္။

“ပင္လယ္လိပ္ေတြနဲ႔ ေရဝက္မ်ိဳးစိတ္ေတြ အမ်ားဆံုး က်က္စားတဲ့၊ ပင္လယ္ျမက္ေတြ ေပါက္တဲ့ ေဂၚရံဂ်ီကြ်န္းလို ေနရာကိုေတာ့ သဘာဝထိန္းသိမ္းေရး လုပ္ငန္း အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနတာေတြ ရွိတယ္” လို႔ ဝန္ႀကီး ဦးဘဟိန္းက ေျပာပါတယ္။

သားစဥ္ေျမးဆက္ေတြအတြက္ သဘာဝ ထိန္းသိမ္းေရး လုပ္ငန္းေတြကိုေတာ့ တတ္အားသေရြ႕ ဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ေပမယ့္ ဖြံ႔ၿဖိဳးေရးနဲ႔ သဘာဝ အရင္းအျမစ္နဲ႔ ခ်ိန္ဆလို႔ အမ်ားသေဘာ ဆႏၵအရ မျဖစ္မေန ဆံုးျဖတ္မႈေတြ ရွိလာခဲ႔ရင္ေတာ့ မိမိအေနနဲ႔ မတတ္ႏိုင္ဘူးလို႔ ဝန္ႀကီး ဦးဘဟိန္းက MCN သတင္းဌာနကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟိုတယ်ကြီးတွေနဲ့ ရေနက်ဆိပ်ကမ်းတွေက သယံဇာတ ထိန်းသိမ်းရေးနဲ့ ဆန့်ကျင်နေ

ဖွံ့ဖြိုးရေး လုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်ကြီးတွေ ဆောက်လုပ်တာနဲ့ ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်တာတွေဟာ သယံဇာတ ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။

သဘာဝ ထိန်းသိမ်းရေး နယ်မြေတွေကို နယ်နိမိတ် ပိုင်းခြားသတ်မှတ်ဖို့နဲ့ နယ်နိမိတ် အတွင်းမှာတော့ အသေအချာ ကာကွယ်ဖို့ သက်ဆိုင်ရာကို အကြံပြုထားကြောင်းလည်း သူက ပြောပါတယ်။

“ပင်လယ်လိပ်တွေနဲ့ ရေဝက်မျိုးစိတ်တွေ အများဆုံး ကျက်စားတဲ့၊ ပင်လယ်မြက်တွေ ပေါက်တဲ့ ဂေါ်ရံဂျီကျွန်းလို နေရာကိုတော့ သဘာဝထိန်းသိမ်းရေး လုပ်ငန်း အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာတွေ ရှိတယ်” လို့ ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။

သားစဉ်မြေးဆက်တွေအတွက် သဘာဝ ထိန်းသိမ်းရေး လုပ်ငန်းတွေကိုတော့ တတ်အားသရွေ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် ဖွံ့ဖြိုးရေးနဲ့ သဘာဝ အရင်းအမြစ်နဲ့ ချိန်ဆလို့ အများသဘော ဆန္ဒအရ မဖြစ်မနေ ဆုံးဖြတ်မှုတွေ ရှိလာခဲ့ရင်တော့ မိမိအနေနဲ့ မတတ်နိုင်ဘူးလို့ ဝန်ကြီး ဦးဘဟိန်းက MCN သတင်းဌာနကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)