တိုက္ႀကီးၿမိဳ႕နယ္မွာ ေတာဆင္႐ိုင္း အေကာင္ ၂၀ ေက်ာ္ စိုက္ခင္းထဲ ဝင္ေရာက္ စားေသာက္

0
500

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ သဲဝါေက်းရြနဲ႔ သနပ္ေခ်ာင္းေက်းရြာၾကားမွာ စပါးစိုက္ခင္းနဲ႔ ႀကံစိုက္ခင္းေတြကို       ေတာဆင္႐ိုင္း ႀကီး၊ ငယ္ အေကာင္ ၂၀ ေက်ာ္က ဝင္ေရာက္စားေသာက္သြားခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၀ ရက္ေန႔က ေတာဆင္႐ိုင္းေတြဟာ ညအခ်ိန္ အုပ္စုလိုက္ တက္လာၿပီး သဲဝါေက်းရြာက ဦးအက္ကဘားရဲ႕ စပါးခင္း ၄ ဧက၊ ဦးလွျမင့္ရဲ႕ စပါးခင္း ၄ ဧက၊ ဦးအာမင္းရဲ႕ ရိတ္သိမ္းၿပီး စပါးမ်ား၊ ဦးလွျမင့္ရဲ႕ ႀကံခင္း ၇ ဧက၊ အနီးနားရွိ ႀကံခင္း ၆ ဧကတို႔ကို စားေသာက္သြားၿပီး စပါးခင္းနဲ႔ ႀကံခင္းေတြကိုလည္း ဖ်က္ဆီးခဲ့ပါတယ္။

အဲဒီေန႔ ည ၁၀ နာရီမွာ ထြန္စက္ သံုးစီး၊ ေမာ္ေတာ္ယာဥ္ တစ္စီးတို႔နဲ႔ မီးထိုးၿပီး စက္ႏိႈးကာ အသံေပးျခင္း၊ ရြာသားေတြက ညာသံေပးျခင္းတို႔နဲ႔ ဆင္႐ိုင္းေတြကို ေမာင္းထုတ္ခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်း အကောင် ၂၀ ကျော် စိုက်ခင်းထဲ ဝင်ရောက် စားသောက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ သဲဝါကျေးရွနဲ့ သနပ်ချောင်းကျေးရွာကြားမှာ စပါးစိုက်ခင်းနဲ့ ကြံစိုက်ခင်းတွေကို တောဆင်ရိုင်း ကြီး၊ ငယ် အကောင် ၂၀ ကျော်က ဝင်ရောက်စားသောက်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က တောဆင်ရိုင်းတွေဟာ ညအချိန် အုပ်စုလိုက် တက်လာပြီး သဲဝါကျေးရွာက ဦးအက်ကဘားရဲ့ စပါးခင်း ၄ ဧက၊ ဦးလှမြင့်ရဲ့ စပါးခင်း ၄ ဧက၊ ဦးအာမင်းရဲ့ ရိတ်သိမ်းပြီး စပါးများ၊ ဦးလှမြင့်ရဲ့ ကြံခင်း ၇ ဧက၊ အနီးနားရှိ ကြံခင်း ၆ ဧကတို့ကို စားသောက်သွားပြီး စပါးခင်းနဲ့ ကြံခင်းတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနေ့ ည ၁၀ နာရီမှာ ထွန်စက် သုံးစီး၊ မော်တော်ယာဉ် တစ်စီးတို့နဲ့ မီးထိုးပြီး စက်နှိုးကာ အသံပေးခြင်း၊ ရွာသားတွေက ညာသံပေးခြင်းတို့နဲ့ ဆင်ရိုင်းတွေကို မောင်းထုတ်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)