လံုၿခံဳေရးနဲ႔ တရားဥပေဒ စိုးမိုးေရးရွိရင္ ရခိုင္အေရး ေျဖရွင္းႏိုင္မယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရး ဒု ဝန္ႀကီး ေျပာ

0
422

ရခိုင္ျပည္ေဒသမွာ လံုၿခံဳေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ ကာလရွည္ အေျခခ်ေနထိုင္မႈေတြ ျပဳလုပ္မယ္ဆိုရင္      လက္ရွိျပႆနာကို ေျဖရွင္းႏိုင္လိမ့္မယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရး ဒု ဝန္ႀကီး မစၥတာ ဗီေဂ် ကူးမား ဆင္းဂ္က ေျပာပါတယ္။

ျမန္မာႏိုုင္ငံကို ေရာက္ရွိေနတဲ့ ဒု ဝန္ႀကီး မစၥတာ ဗီေဂ် ကူးမား ဆင္းဂ္က ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ျပႆနာကို အစိတ္အပိုင္း ႏွစ္ပိုင္းအျဖစ္ ႐ႈျမင္ေၾကာင္းလည္း သူက ေျပာပါတယ္။ ပထမ အစိတ္အပိုင္းက လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္အပံ့ ျဖစ္ေၾကာင္း၊ ဒုတိယ အစိတ္အပိုင္းကေတာ့ နယ္ေျမတည္တံ့ခိုင္ၿမဲေရးနဲ႔ ျပႆနာဟာ ဘယ္ေလာက္ ထိလြယ္ရွလြယ္လဲဆိုတာ သက္ဆိုင္ရာ ႏိုင္ငံေတြရဲ႕ ႐ႈျမင္ပံုျဖစ္တယ္လို႔ ဒု ဝန္ႀကီး မစၥတာ ဗီေဂ် ကူးမား ဆင္းဂ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးရှိရင် ရခိုင်အရေး ဖြေရှင်းနိုင်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဒု ဝန်ကြီး ပြော

ရခိုင်ပြည်ဒေသမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကာလရှည် အခြေချနေထိုင်မှုတွေ ပြုလုပ်မယ်ဆိုရင် လက်ရှိပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဒု ဝန်ကြီး မစ္စတာ ဗီဂျေ ကူးမား ဆင်းဂ်က ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဒု ဝန်ကြီး မစ္စတာ ဗီဂျေ ကူးမား ဆင်းဂ်က ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာကို အစိတ်အပိုင်း နှစ်ပိုင်းအဖြစ် ရှုမြင်ကြောင်းလည်း သူက ပြောပါတယ်။ ပထမ အစိတ်အပိုင်းက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ဖြစ်ကြောင်း၊ ဒုတိယ အစိတ်အပိုင်းကတော့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ပြဿနာဟာ ဘယ်လောက် ထိလွယ်ရှလွယ်လဲဆိုတာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရှုမြင်ပုံဖြစ်တယ်လို့ ဒု ဝန်ကြီး မစ္စတာ ဗီဂျေ ကူးမား ဆင်းဂ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)