ေျမလြတ္ေျမ႐ိုင္းေတြ လက္ဝါးႀကီးအုပ္ရယူမႈ စိစစ္ေပးဖို႔ အစိုးရကို တိုက္တြန္း

0
406

သစ္ေတာႀကိဳးဝိုင္း၊ ႀကိဳးျပင္ ကာကြယ္ေတာေတြနဲ႔ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းေတြမွာ လုပ္ပိုင္ခြင့္ ခြင့္ျပဳခ်က္ အမ်ိဳးမ်ိဳးနဲ႔ ေျမလက္ဝါးႀကီးအုပ္ ရယူထားမႈေတြ ျပန္လည္စိစစ္ေျဖရွင္းဖို႔ ျပည္ေထာင္စု အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

(ဓာတ္ပံု – Karen Human Rights Group)

မေန႔က ႏိုဝင္ဘာ ၂၂ မွာ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္မွာ ကနီးမဲဆႏၵနယ္က ဦးထြန္းထြန္းႏိုင္က ကာလအတန္ၾကာ လုပ္ကိုင္ခဲ့ၾကတဲ့ မူလေတာင္သူေတြနဲ႔ လုပ္ပိုင္ရယူထားသူေတြအၾကား ေျမယာ အျငင္းပြားမႈေတြကို လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီေတြနဲ႔ ျပန္လည္ စိစစ္ေျဖရွင္းဖို႔ အစိုးရကို တိုက္တြန္းတာ ျဖစ္ပါတယ္။

လယ္ယာေျမ နဲ႔ တျခားေျမေတြ၊ သိမ္းဆည္းခံေျမေတြနဲ႔ ပတ္သက္ၿပီး ေပးအပ္ထားတဲ့ လုပ္ငန္းတာဝန္ေတြ တည္ဆဲဥပေဒမ်ားနဲ႔ အညီ စိစစ္ေဆာင္ရြက္ေပးေနတဲ့အတြက္ အဲဒီအဆိုကို မွတ္တမ္းတင္ ထားရွိဖို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒု ဝန္ႀကီး ဦးလွေက်ာ္က ေျပာၾကားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေလွတ်မြေရိုင်းတွေ လက်ဝါးကြီးအုပ်ရယူမှု စိစစ်ပေးဖို့ အစိုးရကို တိုက်တွန်း

သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးနဲ့ မြေလက်ဝါးကြီးအုပ် ရယူထားမှုတွေ ပြန်လည်စိစစ်ဖြေရှင်းဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မနေ့က နိုဝင်ဘာ ၂၂ မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကနီးမဲဆန္ဒနယ်က ဦးထွန်းထွန်းနိုင်က ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြတဲ့ မူလတောင်သူတွေနဲ့ လုပ်ပိုင်ရယူထားသူတွေအကြား မြေယာ အငြင်းပွားမှုတွေကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတွေနဲ့ ပြန်လည် စိစစ်ဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။

လယ်ယာမြေ နဲ့ တခြားမြေတွေ၊ သိမ်းဆည်းခံမြေတွေနဲ့ ပတ်သက်ပြီး ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်တွေ တည်ဆဲဥပဒေများနဲ့ အညီ စိစစ်ဆောင်ရွက်ပေးနေတဲ့အတွက် အဲဒီအဆိုကို မှတ်တမ်းတင် ထားရှိဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)