ရခိုင္ျပည္နယ္ အေရးမွာ ‘လူမ်ိဳးစု ရွင္းလင္းဖယ္ရွားမႈ’ လုပ္တယ္လို႔ အေမရိကန္ သတ္မွတ္

0
516

ရခိုင္ျပည္နယ္က ပဋိပကၡမွာ ဘဂၤါလီ မြတ္စလင္ေတြအေပၚ ‘လူမ်ိဳးစု ရွင္းလင္းဖယ္ရွားမႈ’ လုပ္ေဆာင္တယ္လို႔ သတ္မွတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ရက္ဇ္ တီလာဆန္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပလိုက္ပါတယ္။

ရခိုင္ျပည္နယ္က ရရွိတဲ့ အခ်က္အလက္ေတြအရ လူမ်ိဳးစု ရွင္းလင္းဖယ္ရွားမႈ လုပ္ေဆာင္ရာေရာက္တယ္လို႔ မေန႔က ႏိုဝင္ဘာ ၂၂ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

လူနည္းစုေတြကို ျပဳမႈဆက္ဆံပံုဟာ ဒီမိုကေရစီ အကူးအေျပာင္းမွာ အေရးႀကီးေၾကာင္း၊ ရခိုင္ျပည္နယ္မွာ လူ႔အခြင္းအေရး ခ်ိဳးေဖာက္သူေတြကို အျပစ္ေပးဖို႔နဲ႔ ကုလသမဂၢ လံုၿခံဳေကာင္စီနဲ႔ အေထြေထြညီလာခံ တတိယေကာ္မတီတို႔ရဲ႕ လုပ္ေဆာင္ခ်က္ကို အေမရိကန္က ေထာက္ခံေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ဝန္ႀကီး တီလာဆန္က ႏိုဝင္ဘာ အေစာပိုင္းမွာ ျမန္မာႏိုင္ငံကိုလာေရာက္ၿပီး ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္တို႔နဲ႔ ေတြ႔ဆံု ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အရေးမှာ ‘လူမျိုးစု ရှင်းလင်းဖယ်ရှားမှု’ လုပ်တယ်လို့ အမေရိကန် သတ်မှတ်

ရခိုင်ပြည်နယ်က ပဋိပက္ခမှာ ဘင်္ဂါလီ မွတ်စလင်တွေအပေါ် ‘လူမျိုးစု ရှင်းလင်းဖယ်ရှားမှု’ လုပ်ဆောင်တယ်လို့ သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တီလာဆန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရရှိတဲ့ အချက်အလက်တွေအရ လူမျိုးစု ရှင်းလင်းဖယ်ရှားမှု လုပ်ဆောင်ရာရောက်တယ်လို့ မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လူနည်းစုတွေကို ပြုမှုဆက်ဆံပုံဟာ ဒီမိုကရေစီ အကူးအပြောင်းမှာ အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်မှာ လူ့အခွင်းအရေး ချိုးဖောက်သူတွေကို အပြစ်ပေးဖို့နဲ့ ကုလသမဂ္ဂ လုံခြုံကောင်စီနဲ့ အထွေထွေညီလာခံ တတိယကော်မတီတို့ရဲ့ လုပ်ဆောင်ချက်ကို အမေရိကန်က ထောက်ခံကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး တီလာဆန်က နိုဝင်ဘာ အစောပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)