ပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် NCA မှာ လက်မှတ်ရေးထိုးဖို့ NRPC တိုက်တွန်း

0
373

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ NCA စာချုပ်မှာ အမြန်ဆုံးလက်မှတ်ရေးထိုးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

pang-long

အဲဒီကြေညာချက်ကို နိုဝင်ဘာလ ၂၃ ရက် ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီး NCA လက်မှတ် ရေးထိုးပြီးနောက် ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အတူတကွ လက်တွဲလျှောက်လှမ်းကြဖို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ ပါဝင်နိုင်ဖို့ ကြိုးပမ်းအားထုတ်သွားရမယ်လို့ ပြောဆိုထားပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဟာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောဆိုထားပြီး အစည်းအဝေးမှာ တန်းတူရည်တူ ပါဝင်နိုင်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးခရီးကို အတူတကွ လျှောက်လှမ်းကြဖို့ တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)