ရန်ကုန်မြစ်ကို မြို့လယ်ပို့မယ်လို့ ဦးဖြိုးမင်းသိန်း ပြောဆို

0
610

ရန်ကုန်မြစ်ကို မြို့လယ်ရောက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။

yangon-river-shipping-traffic-2013-image-david-dubyne

နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြောကြားလိုက်တာပါ။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်၊ အနောက်ဘက် နဲ့ တောင်ဘက်အားလုံးကို မျှတအောင် တည်ဆောက်သွားခြင်းဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သွားမှာပါ။

ဒါ့အပြင် ရန်ကုန် သီလ၀ါကနေ ဟံသာဝတီလေဆိပ်အသစ် တည်ဆောက်မယ့် စီပွားရေးစင်္ကြံနဲ့ တွံ့တေး-ကွမ်းခြံကုန်းကနေ ဟံသာဝတီဘက်အထိ သွားမယ့် စီးပွားရေးစင်္ကြံ တည်ဆောက်သွားမှာဖြစ်ပြီး အဲဒီနှစ်ခုစလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)