လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲဟာ အချိန်တိုတွင်းပြီးနိုင်မှာ မဟုတ်ဘူးလို့ ဦးစိုင်းညွန့်လွင်ပြော

0
298

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ ကိုယ့်အဖွဲ့အစည်းကို ရှေ့တန်းတင်နေပြီး အတ္တတွေကြီးနေတဲ့အတွက် ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။

15151384_1012223868904627_926794406_n

ရှမ်းပြည်မြောက်ပိုင်းမှာ မူဆယ်မြို့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုအပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေဟာ ၂၁ ရာစု ပင်လုံညီလာခံရဲ့ လုပ်ငန်းစဉ်တွေအပေါ်ထိခိုက်မှုတွေ ရှိလာပြီး အစိုးရသစ်အနေနဲ့ လက်ရှိအနေအထားထက် ပိုပြီးကြိုးရဦးမယ်လို့ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်ရဲ့ အဓိကကုန်သွယ်လမ်းကြောင်းဖြစ်တဲ့ မူဆယ်မန္တလေးလမ်းမကြီးမှာ ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်နေတဲ့ အတွက် နိုင်ငံတော်အတွက် စီးပွားရေးထိခိုက်မှုတွေရှိနေတာပါ။ လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ပေါင်းပြီးတိုက်ခိုက်တာတွေကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာ အချိန်တိုတွင်းပြီးနိုင်မှာ မဟုတ်ဘူးလို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)