မြောက်ဒဂုံက ရေစက်မြေကွက်ကို ဗိုလ်မှူးကြီး(ငြိမ်း)က ဂရန်လျှောက်ထားမှု အစိုးရခွင့်ပြုခဲ့

0
364

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်အတွင်းက ရေစက်မြေကွက်ကို ဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးက နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)လျှောက်ထားခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။

northdagon

နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က က ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြေကွက်များအား အထူးမြေချဂရန်များကို ချထားပေးခြင်းရှိ/မရှိ မေးမြန်းရာမှာ ၀န်ကြီးက အဲဒီလိုပြောဆိုလိုက်တာပါ။

ဒီမြေကွက်ကို အစိုးရက အထူးဝန်ဆောင်ခနှုန်းထားနဲ့ နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)ချထားပေးခဲ့တယ်လို့ ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။
ဒီလိုမြေဂရန်ချထားပေးမှုကို (၄၅)ရပ်ကွက်နေ ပြည်သူတွေက ပြန်လည်ပယ်ဖျက်ပေးဖို့ မြို့တော်ဝန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)