ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထိန်းချုပ်ညွှန်ကြားရေးစင်တာ ဖွင့်လှစ်နိုင်ရေး ပြင်သစ်နဲ့ ဆွေးနွေး

0
322

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အတွင်း ထိန်းချုပ်ညွှန်ကြားရေးစင်တာ (Commander Center)ဖွင့်လှစ်နိုင်ဖို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ ပြင်သစ်သံရုံးက လုံခြုံရေးသံတမန်အရာရှိအဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

yangonpolice

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ပြင်သစ်သံရုံး၊ လုံခြုံရေးသံတမန်အရာရှိ အကြီးတန်းရဲအုပ်ချုပ်ရေး အရာရှိ Mrs.Catherine Occhini ဦးဆောင်တဲ့အဖွဲ့နဲ့အတူ ပဲရစ်မြို့၊ ရဲစီရင်စုနယ်မြေကျွမ်းကျင်သူ Mr.Patrick Decord၊ ပြင်သစ်မြို့ပြလုံခြုံရေးတာဝန်ခံ Mrs. Marion Audigier တို့လည်း လိုက်ပါခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သိန်းလွင်နဲ့ရဲမှူး လှဝေတို့က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ပြင်သစ်လုံခြုံရေးသံတမန်အရာရှိအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ 199 Call Center မှာ လုပ်ဆောင်နေတာတွေကိုလည်း လေ့လာခဲ့ကြပြီး မနက်ဖြန်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရဲစခန်းတစ်ခုကို သွားရောက်ပြီး တစ်နေ့တာ ဆောင်ရွက်နေပုံကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)