ကျဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီးရဲ့ လက်နက်တွေ ပြန်လည်တွေ့ရှိ

0
348

နိုဝင်ဘာလ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ကျဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီး ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတွေကို နိုဝင်ဘာ ၂၁ ရက်နေ့က တပ်မတော်နှင့် ရဲတပ်ဖွဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်စဉ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

15181500_642339409272502_7999803998987911718_n

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်မပေါ်တံတားအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး အမ် -၂၃ (၁လက်)၊ ကျည်အိမ် ၁ခု၊ ၇ဒသမ ၆၂ကျည် (၂၅တောင့်)ကို ပြန်လည် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)