ရခိုင်ကိစ္စကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကနေ မလေးရှားအသင်း နုတ်ထွက်ဖို့ စီစဉ်

0
294

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဘင်္ဂါလီတွေကို ဖမ်းဆီးအရေးယူနေတာတွေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကနေ မလေးရှားဘောလုံးအသင်းက နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ မလေးရှားအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

malaysiafootball

မလေးရှားဘောလုံးအသင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ပြိုင်ပွဲကနေ ထွက်ဖို့ အဆိုပြုခဲ့တာတာပါ။

မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး ခိုင်ရီဂျာမာလူဒင်က “ပြီးခဲ့တဲ့အပတ်ကတည်းက ဒီကိစ္စတွေကို အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီး ခုတစ်ပတ်မှာလည်း ထပ်တင်ပြဦးမယ်”လို့ သူ့ရဲ့ Twitter အကောင့်မှာ ရေးသားထားပါတယ်။

ခုလို ပြိုင်ပွဲကထွက်ဖို့ကို မလေးရှားအစ္စလာမ်ဘာသာရေးဆရာတစ်ဦးက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ စတင် တိုက်တွန်းခဲ့တာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံအရေးကို တစ်နိုင်ငံက ကြားဝင်မစွက်ဖက်ရဘူးဆိုတဲ့ ရေရှည်မူဝါဒကို ကျင့်သုံးလာခဲ့တာပါ။ မလေးရှားအစိုးရအဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီကိစ္စအပေါ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသိရသေးပါဘူး။

မလေးရှားအသင်းဟာ ဒီကနေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးပွဲမှာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)