မြန်မာ-ထိုင်း နယ်နိမိတ် သတ်မှတ်ရေး ဒီဇင်ဘာလစပြီး လုပ်ဆောင်မယ်

0
355

မြန်မာ-ထိုင်း နယ်နိမိတ်တိုင်းတာရေးအတွက် လာမယ့်ဒီဇင်ဘာလကနေ ၂၀၁၇ ဧပြီလအထိ နှစ်နိုင်ငံနယ်နိမိတ်တွေကို ကောင်းကင်က ဓာတ်ပုံရိုက်ကူးပြီး မြေပုံထုတ်လုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်လိုက်ပါတယ်။

myanmar-thailand-border-drewmanity

စုစုပေါင်း ကုန်းရေနယ်နိမိတ် မိုင် ၁၃၀၀ ကျော် ထိစပ်နေတဲ့ မြန်မာ-ထိုင်းနယ်နိမိတ်ကို နယ်နိမိတ်တိုင်းတာရေးသဘောတူညီချက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကောင်းကင်ဓာတ်ပုံရိုက်ကူးပြီးရင် ကွင်းဆင်းတိုင်းတာခြင်းနဲ့ မှတ်တိုင်စိုက်ထူခြင်းတွေ ဆောင်ရွက်သွားဖို့ ရှိနေတာပါ။

အဲဒီနယ်နိမိတ်တိုင်းတာရေးလုပ်ငန်းကို မြန်မာနိုင်ငံဖက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က ပူးပေါင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်နိမိတ်ပြန်လည်တိုင်းတာရေးကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၂၀၁၆ ဇွန်လအတွင်းသွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခုအချိန်မှာတော့ သံတမန်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)