ပဋိပက္ခကြောင့် နေရပ် မစွန့်ခွာဖို့ မူဆယ်ဒေသခံတွေကို မေတ္တာရပ်ခံ

0
265

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်က ဒေသခံပြည်သူတွေအနေနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးတာမျိုးမလုပ်ဘဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

muse

မူဆယ်ခရိုင်မှာ ပဋိပက္ခတွေ နိုဝင်ဘာ ၂၀ ရက်နေ့ကစတင်ဖြစ်ပွားပြီးနောက်မှာ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်မယ်၊ မူဆယ်မြို့ကို ဝင်သိမ်းမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်သူတွေက ထိတ်လန့်နေကြတာ ဖြစ်ပါတယ်။

ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ မသမာသူတွေဖြန့်တဲ့ ကောလာဟလတွေကို ယုံကြည်ပြီး နေရပ်စွန့်ခွာထွက်ပြေးတာမျိုးလုပ်ရင် နေအိမ်၊ ဈေးဆိုင်တွေ ဖောက်ထွင်း၊ ခိုးယူခံရနိုင်တာကြောင့် မြို့လုံခြုံရေးအတွက် နေအိမ်မှာပဲ နေထိုင်ကြဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက မေတ္တာရပ်ခံထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA, AA, MNDAA, KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့နဲ့ တပ်မတော်ကြား လက်နက်ကိုင်ပဋိပက္ခတွေ နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ တရုတ်နိုင်ငံက လက်ခံထားတဲ့စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)