အခုစစ်ပွဲဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်ဖို့ မရည်ရွယ်ဘူးလို့ ကေအိုင်အိုပြော

0
291

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ကေအိုင်အိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

15135956_641465572693219_6752691384612860591_n

အဲဒီသတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ သာလွန် အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုက တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်တာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားရာမှာ လက်နက်ကိုင်တပ်ပေါင်းစု အနေနဲ့ အရပ်သားပြည်သူတွေရဲ့ အကျိုးစီးပွားထိခိုက်မှုမရှိစေဖို့ အထူးသတိထား ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သားပြည်သူ ငါးဦးအပါအ၀င် တပ်မတော်သား သုံးဦး၊ ပြည်သူ့စစ် နှစ်ဦး သေဆုံးခဲ့သလို ကုမ္ပဏီဝန်ထမ်း သုံးဦးလည်း တိုင်းရင်းသားလက်နက်ကိုင်တစ်ပေါင်းစုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)