မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှာ လေယာဉ်တစ်စီး မီးလောင်

0
301

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ မြေပြင်ပေါ်ရပ်ထားတဲ့ လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာကနေ လေယာဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

airplane

ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

မီးလောင်ကျွမ်းတဲ့လေယာဉ်ဟာ ပြင်ဆင်ဖို့ မြေပြင်ပေါ်ရပ်ထားတဲ့ F-7 လေယာဉ်ဖြစ်ပြီး အင်ဂျင်စက် စမ်းသပ်နှိုးရာကနေ မီးလောင်ခဲ့တာလို့ စိစစ်တွေ့ရှိခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ယောက်မှ မရှိသလို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်နဲ့ ရန်ကုန်လေဆိပ်က မီးသတ်ကားတွေ ၁၅ မိနစ်အတွင်း မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)