လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းချိန်နှင့်ကိုက်ပြီး ရွာကိုမီးရှို့ ဖျက်ဆီး

0
284

မောင်တောမြို့နယ်၊ ဒါးကြီးဖားကျေးရွားအနီးကို နယ်မြေခံတပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွား လာချိန်မှာ အချိန်ကိုက်ပြီး ရွာကိုမီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

15134793_642292879277155_3608025024661582792_n

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး ဖြတ်သန်းစဉ် ကျေးရွာအနီးတစ်ဝိုက်မှာ မီးခိုးတွေ ထွက်လာလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ ဒီလိုစစ်ဆေးရာမှာ ကျေးရွာအတွင်းက လူနေအိမ်အချို့ မီးလောင်ကျွမ်း နေတာကို တွေ့ရှိရပြီး မီးငြှိမ်းသတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ခုနစ်လုံးပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရွာအနီးအနားက ဖြတ်သန်းသွားလာချိန်နဲ့ အချိန်ကိုက်ပြီး ရွာခံအချို့က မီးရှို့ခဲ့နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)