အဂၤလိပ္ ဘာသာနဲ႔ ေရဒီယိုလႊင့္ဖို႔ အဆင့္သင့္ျဖစ္ေန

0
462

MRTV နဲ႔ ေရႊသံလြင္မီဒီယာတို႔ ပူးေပါင္းလုပ္ေဆာင္မယ့္ Myanmar International Radio (MIR) အဂၤလိပ္ ဘာသာနဲ႔ ေရဒီယိုတိုက္ရိုက္ ထုတ္လႊင့္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အစိုးရသတင္းတရပ္မွာ ေဖာ္ျပပါတယ္။

ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ ေအာက္ပုဇြန္ေတာင္လမ္းရွိ Myanmar International Radio (MIR) ကို ေအာက္တိုဘာ ၂ ရက္က ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေဖျမင့္ သြားေရာက္ ၾကည္႔ရႈတဲ့သတင္းမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Myanmar International RadioChannel (MIR) ထုတ္လႊင့္ျခင္းဆိုင္ရာ ၀န္ေဆာင္မႈလုပ္ငန္းကို ျမန္မာႏိုင္ငံအတြင္းရိွ ႏိုင္ငံျခားသံတမန္မ်ား၊ ကၽြမ္းက်င္ပညာ ရွင္မ်ား၊ INGO မွာ လုပ္ကိုင္ေနသူမ်ား၊ ကမာၻ႔လွည္ ခရီးသြားမ်ားအပါအ၀င္ ႏိုင္ငံျခားသားမ်ားနဲ႔ ႏိုင္ငံတကာ အသိုက္အ၀န္း အတြက္ ႏိုင္ငံတကာ ဘာသာစကားမ်ားနဲ႔ အသိပညာ ဗဟုသုတနဲ႔ ျပည္တြင္းျပည္ပ သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ ျဖန္႔ေ၀ေပးႏိုင္ဖို႔ ရည္ရြယ္ထုတ္လႊင့္မွာျဖစ္ပါတယ္။
……………….. ။ ။ …………………….

အင်္ဂလိပ် ဘာသာနဲ့ ရေဒီယိုလွှင့်ဖို့ အဆင့်သင့်ဖြစ်နေ

MRTV နဲ့ ရွှေသံလွင်မီဒီယာတို့ ပူးပေါင်းလုပ်ဆောင်မယ့် Myanmar International Radio (MIR) အင်္ဂလိပ် ဘာသာနဲ့ ရေဒီယိုတိုက်ရိုက် ထုတ်လွှင့်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အစိုးရသတင်းတရပ်မှာ ဖော်ပြပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းရှိ Myanmar International Radio (MIR) ကို အောက်တိုဘာ ၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သွားရောက် ကြည့်ရှုတဲ့သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Myanmar International RadioChannel (MIR) ထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသံတမန်များ၊ ကျွမ်းကျင်ပညာ ရှင်များ၊ INGO မှာ လုပ်ကိုင်နေသူများ၊ ကမ္ဘာ့လှည် ခရီးသွားများအပါအဝင် နိုင်ငံခြားသားများနဲ့ နိုင်ငံတကာ အသိုက်အဝန်း အတွက် နိုင်ငံတကာ ဘာသာစကားများနဲ့ အသိပညာ ဗဟုသုတနဲ့ ပြည်တွင်းပြည်ပ သတင်းများအား အချိန်နဲ့ တပြေးညီ ဖြန့်ဝေပေးနိုင်ဖို့ ရည်ရွယ်ထုတ်လွှင့်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)