
0
339

အမေရိကန်၊ ပြင်သစ် နဲ့ အခြား ၄ နိုင်ငံ ဟာ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်ထဲမှာ ဆွေးနွေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။



……………………… ။ ။ …………………

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင် အရေးဆွေးနွေးဖို့ ၇ နိုင်ငံတောင်းဆိုထား
အမေရိကန်၊ ပြင်သစ် ၊ ပြင်သစ် နဲ့ အခြား ၄ နိုင်ငံ ဟာ မြန်မာနိုင်ငံမှာဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်ထဲမှာ ဆွေးနွေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေ အပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အီဂျစ်၊ ကာဇက်စတန် ၊ ဆီနီဂေါ အပြင် ဆွီဒင်တို့ကလည်းအမေရိကန် ၊ ပြင်သစ် ၊ဗြိတိန် တို့နဲ့အတူ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီ ရဲ့ ဥက္ကဌဖြစ်သူ ဆောင်ရွက်နေသူ အီသီယိုပီးယား က တွေဆုံဆွေးနွေးမှုတွေအတွက် အချိန်သတ်မှတ်ဖို့ တိုင်ပင်မှုတွေလုပ်နေတယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂါလီမွတ်စလင် သိန်းချီပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)