မူးယစ္ေဆးဝါးမႈနဲ႔ လြတ္ေျမာက္ေနတဲ့ နဂါးေလး ေထာင္ဒဏ္ ၄ ႏွစ္ ျပစ္ဒဏ္က်ခံရ

0
383

မူးယစ္ေဆး၀ါးမႈ နဲ႔ ျပစ္ဒဏ္ကေန လြတ္ေျမာက္သြားသူ တရားခံ နဂါးေလး(ခ)ေအာင္ႏိုင္ျမင့္ကို ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မနဲ႔ အလုပ္နဲ႔ ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ခဲ့တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဖမ္းဆီးခ်ိန္မွာ ျပစ္မႈက်ဴးလြန္သူ နဂါးေလး(ခ)ေအာင္ႏိုင္ျမင့္ အသံုးျပဳခဲ့တဲ့ 5D-3753နံပါတ္တပ္ဆင္ထားတဲ့ X-Trail အမ်ဳိးအစား ေမာ္ေတာ္ယာဥ္နဲ႔ YGN 6A- 8649 နံပါတ္တပ္ဆင္ထားတဲ့ Honda Fid အမ်ိဳးအစား အနက္ေရာင္ ေမာ္ေတာ္ယာဥ္တို႔မွာ လိုင္စင္မဲ့ယာဥ္ေတြ ျဖစ္တာေၾကာင့္ အဲဒီအမႈႏွစ္မႈအတြက္ အလုပ္ နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္စီ စုစုေပါင္းအလုပ္ နဲ႔ ေထာင္ဒဏ္ (၄)ႏွစ္ က်ခံဖုိ႔အမိန္႔ခ်ခဲ့တာျဖစ္ပါတယ္။

ဒါအျပင္ တရားခံ နဂါးေလး(ခ)ေအာင္ႏိုင္ျမင့္ ဟာ လမ္းမေတာ္ၿမိဳ႕မရဲစခန္း (ပ)၉/၂၀၁၇၊ ရာဇသတ္ႀကီး ဥပ ေဒပုဒ္မ ၃၈၆/၃၂၃/၁၁၄နဲ႔ အမႈဖြင့္ခံထားရၿပီး ၂၈.၂.၂၀၁၇ လမ္းမေတာ္ၿမိဳ႕နယ္တရားသူႀကီး က လက္ခံစစ္ေဆး ေဆာင္ရြက္လ်က္ရွိေနပါတယ္။
…………………….. ။ ။ ……………………..

မူးယစ်ဆေးဝါးမှုနဲ့ လွတ်မြောက်နေတဲ့ နဂါးလေး ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ကျခံရ

မူးယစ်ဆေးဝါးမှု နဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်သွားသူ တရားခံ နဂါးလေး(ခ)အောင်နိုင်မြင့်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖမ်းဆီးချိန်မှာ ပြစ်မှုကျူးလွန်သူ နဂါးလေး(ခ)အောင်နိုင်မြင့် အသုံးပြုခဲ့တဲ့ 5D-3753နံပါတ်တပ်ဆင်ထားတဲ့ X-Trail အမျိုးအစားမော်တော်ယာဉ်နဲ့ YGN 6A- 8649 နံပါတ်တပ်ဆင်ထားတဲ့ Honda Fid အမျိုးအစား
အနက်ရောင် မော်တော်ယာဉ်တို့မှာ လိုင်စင်မဲ့ယာဉ်တွေဖြစ်တာကြောင့် အဲဒီအမှုနှစ်မှုအတွက် အလုပ် နဲ့ ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင်းအလုပ် နဲ့ ထောင်ဒဏ် (၄)နှစ် ကျခံဖို့အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဒါအပြင် တရားခံ နဂါးလေး(ခ)အောင်နိုင်မြင့် ဟာ လမ်းမတော်မြို့မရဲစခန်း (ပ)၉/၂၀၁၇၊ ရာဇသတ်ကြီး ဥပ ဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄နဲ့ အမှုဖွင့်ခံထားရပြီး ၂၈.၂.၂၀၁၇ လမ်းမတော်မြို့နယ်တရားသူကြီး က လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)