အပစ္ရပ္တပ္ဖြဲ႕နဲ႔ တပ္မေတာ္ တပ္မွဴးေတြ မၾကာခဏေတြ႔ဖို႔ JMC-U ဆံုးျဖတ္

0
332

အပစ္ရပ္တပ္ဖြဲ႔ေတြနဲ႔ တပ္မေတာ္အၾကား ေျမျပင္ႏွစ္ဖက္တပ္မွဴးမ်ား မၾကာခဏေတြ႕ဆုံသြားဖို႔ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-U အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ပါတယ္။

ႏွစ္ဘက္တပ္ဖြဲ႔ေတြအၾကား ယုံၾကည္မႈ တည္ေဆာက္ဖို႔ စစ္ေရးတင္းမာမႈမ်ား ေျဖေလွ်ာ့ႏိုင္ဖို႔နဲ႔ နားလည္မႈ ရွိ ေစဖို႔အတြက္ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္တယ္လို႔ JMC-U အတြင္းေရးမွဴး (၁) ေဒါက္တာေရႊခါးရ္ က အစည္းအေ၀းအျပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

စက္တင္ဘာ ၂ဝ ရက္ကေန ၂၂ရက္အထိ သုံးရက္ၾကာျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ေဒသၲရအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ (JMC-L) ကို ရွမ္းျပည္နယ္နဲ႔ ကရင္ျပည္နယ္ ႏွစ္ေနရာမွာ ဖြဲ႕စည္းၿပီးျဖစ္လို႔ အရပ္သားပိုမိုပါဝင္ႏိုင္ရန္ အင္အားတိုးခ်ဲ႕ျခင္း ကိစၥမ်ား၊ ေဒသခံအရပ္သားေစာင့္ၾကည့္သူမ်ား(Local Civilian Monitors) ကိုဆက္လက္ဖြဲ႕စည္းေရး စတဲ့ကိစရပ္ေတြ ေဆြးေႏြးခဲ့ၾကပါတယ္။
…………………….. ။ ။ ………………………

အပစ်ရပ်တပ်ဖွဲ့နဲ့ တပ်မတော် တပ်မှူးတွေ မကြာခဏတွေ့ဖို့ JMC-U ဆုံးဖြတ်

အပစ်ရပ်တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား မြေပြင်နှစ်ဖက်တပ်မှူးများ မကြာခဏတွေ့ဆုံသွားဖို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

နှစ်ဘက်တပ်ဖွဲ့တွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ စစ်ရေးတင်းမာမှုများ ဖြေလျှော့နိုင်ဖို့နဲ့ နားလည်မှု ရှိ စေဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

စက်တင်ဘာ ၂ဝ ရက်ကနေ ၂၂ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေသ္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် နှစ်နေရာမှာ ဖွဲ့စည်းပြီးဖြစ်လို့ အရပ်သားပိုမိုပါဝင်နိုင်ရန် အင်အားတိုးချဲ့ခြင်းကိစ္စများ၊ ဒေသခံအရပ်သားစောင့်ကြည့်သူများ(Local Civilian Monitors) ကိုဆက်လက်ဖွဲ့စည်းရေး စတဲ့ကိစရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)